ရန်ကုန်တိုင်းဒေသကြီးမှ EU နိုင်ငံများသို့ (၁) လလျှင် ရေထွက်ကုန်ပစ္စည်း တန်ချိန်(၁,၈၀၀) ပုံမှန်တင်ပို့နေကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်ရွှေ၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် မျိုးဇာဇာဦးက ဆက်သွယ်မေးမြန်းထားပါသည်။