ညောင်ရွှေမြို့နယ်အတွင်း ရေရရှိရေးလုပ်ငန်း (၁၇) ခုအတွက် ဆောင်ရွက်လျက်ရှိ

အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အကျိုးပြုမည့် ဆည်မြောင်းလုပ်ငန်း များ အပါအဝင် ညောင်ရွှေမြို့နယ်အတွင်း ရေရရှိရေးလုပ်ငန်း (၁၇) ခုကို ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၁,၃၀၀) ကျော်နှင့် ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် ခင်သူဇာကျော် က ဆက်သွယ်မေးမြန်း ထားပါသည်။