မန္တလေးတိုင်းဒေသကြီးရှိ ခရိုင်(၆)ခရိုင်အတွင်းတွင် မိုးနှောင်းချည်မျှည်ရှည်ဝါ မျိုးစေ့ထုတ် စိုက်ဧက (၃,၀၀၀) လျာ ထားစိုက်ပျိုးသွားမည်ဟု တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသွင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် သီတာအောင်က ဆက်သွယ် မေးမြန်းထားပါသည်။