မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ်အတွင်းရှိ မိုးကြိုနှမ်းများ ရိတ်သိမ်းချိန် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိနေသည်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။