တိုင်းရင်းသား၏အခွင့်အရေးများကာကွယ်ရရှိစေရေး အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက် လျက်ရှိ

တိုင်းရင်းသားများ၏ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများ ရရှိစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိ သူများက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက်တွင် ဟောပြောခြင်းနှင့် တိုင်းရင်းသား ဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်မှု ဆန်းစစ်ချက်စစ်တမ်းများ ကောက်ယူခြင်းကို ဇူလိုင်(၂၄)ရက်နေ့က ပြုလုပ်ခဲ့သည်ဟု တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၏ ပြောကြားချက်အရ သိရပါသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေမှ တွေ့ဆုံမေးမြန်းထားပါသည်။