ပြီးခဲ့တဲ့ရက်များတွင် မုတ်သုံအားလျော့ပြီး အပူချိန်တိုးလာသောကြောင့် အချိန်တိုအတွင်း မိုးရွာသွန်းမှုများပြားခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများဖြစ် ပေါ်လာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နေမိုးသွင်က ဆက်သွယ်မေးမြန်းထားပါသည်။