၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ တရားဝင်မှတ်ပုံတင်ပြီးလုပ်ကိုင်နေသည့် ပုဂ္ဂလိက စက်မှုလုပ်ငန်းပေါင်း (၄၅,၀၈၈)ရှိ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ တရားဝင်မှတ်ပုံတင်ပြီးလုပ်ကိုင်နေသည့် ပုဂ္ဂလိက စက်မှုလုပ်ငန်းပေါင်း (၄၅,၀၈၈)ရှိသည်ဟု စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတင်ရွှေဦး၏ ပြောကြားချက်အရသိရသည်။  မြန်မာ့အသံသတင်းထောက် ခင်စန်းဝေက ဆက်သွယ် မေးမြန်းထားပါသည်။