ရှမ်းပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စပါးနှင့် ပြောင်းစိုက်ပျိုးသည့် လယ်မြေဧက (၃၀၀) ဝန်းကျင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နေမိုးသွင်က ဆက်သွယ်မေးမြန်းထားပါသည်။