နိုင်ငံတကာသတင်း

ဩဂုတ်လ(၁၂)ရက်နေ့ ညနေပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံက မော်တော်ကား ထုတ်လုပ်သူများသည် G-20 အစည်းအဝေးတွင် အသုံးပြုမည့် လျှပ်စစ်ကားများ၏ အသေးစိတ် အချက်အလက်များကို ကြေညာခဲ့သည့်သတင်းနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲက ဇာပိုရေဇီးယား နျူကလီးယား ဓာတ်အားပေးစက်ရုံကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ရုရှားနှင့် ယူကရိန်းကို တိုက်တွန်းခဲ့သည့်သတင်း စသည့်သတင်းများ အပါအဝင် နောက်ဆုံးရ နိုင်ငံတကာ သတင်းများကို ဦးနေဇော်နောင်က တင်ပြထားပါသည်။