ပထမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဆုတံဆိပ်ပေါင်း (၂၅၀) ဆွတ်ခူး ရရှိခဲ့သည်ဟု မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် နည်းစနစ်ကော်မတီမှ ဥက္ကဋ္ဌ ဦးကျော်သန်းဦး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။