နိုင်ငံတကာသတင်း

စက်တင်ဘာလ (၇)ရက်နေ့ ညနေပိုင်းမှာ ရုရှားအရှေ့ဖျားဒေသမှာ ပြုလုပ်နေသော နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုကို သမ္မတ ဗလာဒီမီယာပူတင်စစ်ဆေးခဲ့သည့် သတင်းနှင့် ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ ဥရောပ၏အကြီးဆုံး နျူကလီးယားစက်ရုံ အနီးတစ်ဝိုက်ကို စစ်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ရန် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA က တောင်းဆိုလိုက်သော သတင်း စသည့်သတင်းတွေ အပါအဝင် နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို ဒေါ်အေးချစ်စုက တင်ပြထားပါတယ်။