ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု

ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး ကာကွယ်ဆေး ထိုးနှံပေးမှု (၉၀)ရာခိုင်နှုန်း လွှမ်းခြုံကာ စောင့်ကြည့်စင်တာများ မူလအတိုင်းဖွင့်လှစ်ထားရှိသည်ဟု ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရှမ်းပြည်နယ်အရှေ့ပိုင်း)မှ ဒေါက်တာမြင့်ကျော်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းကြည်ပြာက ဆက်သွယ်မေးမြန်းထားပါသည်။