ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ကြက်သွန်နီ အပါအဝင် အခြေခံစားသောက်ကုန်များကို သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်ကိုထွေး၏ ပြောကြားချက်အရသိရသည်။ မြန်မာ့အသံသတင်းထောက် ဖြိုးဝေက ဆက်သွယ်မေးမြန်းထားပါသည်။