နိုင်ငံတကာသတင်း

စက်တင်ဘာလ (၉)ရက်နေ့ မနက်ပိုင်းမှာ အမေရိကန်အစိုးရဟာ ယူကရိန်းနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ချေးငွေနဲ့ ထောက်ပံ့ကြေး ဒေါ်လာ ၂ ဘီလီယံကို ထောက်ပံ့ပေးဖို့ အတည်ပြုခဲ့တဲ့ သတင်းနဲ့ ဂျပန်နဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီးတွေဟာ နှစ်နိုင်ငံကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုမိုနက်ရှိုင်းစွာလုပ်ဆောင်ကြဖို့ သဘောတူခဲ့တဲ့သတင်း စတဲ့သတင်းတွေ အပါအဝင် နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို ဒေါ်ဆွေဆွေခိုင်က တင်ပြထားပါသည်။