နိုင်ငံတကာသတင်း

စက်တင်ဘာလ (၁၂) ရက်နေ့ မနက်ပိုင်းမှာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အေပက်ရဲ့ အစည်းအဝေးအတွင်း အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကောင်းမွန်လာအောင် မြှင့်တင်ပေးဖို့ သဘောတူခဲ့ကြတဲ့ သတင်းနဲ့ ယူကရိန်းရှိ ဇာပိုရေးရှားနျူကလီးယားဓာတ်အားပေးစက်ရုံကို လုံးဝပိတ်သိမ်းခဲ့တဲ့ သတင်း စတဲ့သတင်းတွေ အပါအဝင် နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို ဒေါ်ယဉ်ယဉ်ဝေ က တင်ပြထားပါသည်။