(၁၀၄) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကို ရွှေတိဂုံစေတီတော် ချမ်းသာကြီး တန်ဆောင်းတွင် ကျင်းပသွားမည်

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပမည့် (၁၀၄) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာ နုဂ္ဂဟစာလျှောက်မေးပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၁၉) ရက်နေ့မှ (၂၅) ရက်‌နေ့အထိ ရွှေတိဂုံစေတီတော်ချမ်းသာကြီး တန်ဆောင်းတွင် ကျင်းပသွားမှာနှင့်ပတ်သက်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးဌေးလှိုင်နှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်း ထားပါသည်။