ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ကို စက်တင်ဘာ (၂၈)ရက်နေ့တွင် ကျင်းပမည်

(၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ကို စက်တင်ဘာ (၂၈)ရက်နေ့တွင် ကျင်းပမည် ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်၏ ပြောကြားချက်အရ သိရ သည်။ မြန်မာ့အသံသတင်းထောက် ဖြိုးဝေက ဆက်သွယ်မေးမြန်း ထားပါသည်။