ကဝမြို့နယ်အတွင်းရှိ UNIT PLAN စီမံကိန်း ကျေးရွာများတွင် ကျွဲ၊ နွားခွာနာလျှာနာရောဂါ ကာကွယ်ဆေးများ အခမဲ့ ကွင်း ဆင်းထိုးနှံပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်းရှိ UNIT PLAN စီမံကိန်း ကျေးရွာများတွင် ကျွဲ၊ နွား၊ ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများ အခမဲ့ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်ဟု မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ‌ ဒေါက်တာကျော်ဇာနည်အောင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းကြည်ပြာက ဆက်သွယ်မေးမြန်း ထားပါသည်။