နတ်မောက်မြို့နယ်တွင် တနင်္ဂနွေနေ့တိုင်းအခြေခံစားသောက်ကုန်နှင့် သားငါးဟင်းသီးဟင်းရွက်များ စျေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အခြေခံစားသောက်ကုန်နှင့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက ဆက်သွယ်မေးမြန်း ထားပါသည်။