ငဖဲမြို့နယ် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)တွင် ကော်ဖီပင်စည်ထိုးပိုးကာကွယ်နှိမ်နှင်းခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)တွင် ကော်ဖီပင်စည်ထိုးပိုး ကာကွယ်နှိမ်နှင်းခြင်းအဖြစ် လူထုလှုပ်ရှားမှု Campaign ဆောင်ရွက်ခဲ့သည်ဟု ကော်ဖီရာသီသီးနှံဌာနခွဲ၊ ကော်ဖီ နည်းပညာ ဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)မှ တာဝန်ခံ ဦးဇော်သိန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် နုယဉ်ဝင်းက ဆက်သွယ်မေးမြန်း ထားပါသည်။