ပေါင်မြို့နယ်တွင် တီဘီအဆုတ် ခေတ်မီစမ်းသပ်စက်ကြီးများဖြင့် လူဦးရေ (၄၄၈) ဦးကို အခမဲ့ စစ်ဆေးပေးခဲ့ပြီး တီဘီ ရောဂါတွေ့ရှိသူ (၁၅) ဦးကို အခမဲ့ ဆေးကုသပေးလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ညွှန်ကြားချက်အရ တီဘီအဆုတ် ခေတ်မီ စမ်းသပ်စက်ကြီးများနှင့် ကျေးရွာ (၅)ရွာတွင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့သည်ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာခင်မောင်ကြည်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် ကျော်သက်အောင်က ဆက်သွယ်မေးမြန်းထားပါသည်။