၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ (၁၉) ရက်မှ (၂၅) ရက်အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ပြုလုပ်သွားမှာနှင့်ပတ်သက်ပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဒုတိယအထွေထွေ မန်နေဂျာ ဦးခင်မောင်လွင်နှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်း ထားပါသည်။