လေဖြန်း လေဖြတ်လူနာများအတွက် ကျန်းမာရေးစင်တာဖွင့်လှစ်ပြီး အခမဲ့ကုသပေးလျက်ရှိ

လေဖြတ်၊ လေဖြန်းလူနာများအတွက် အွန်လိုင်းမှတစ်ဆင့်အကြံပေး၍ လေ့ကျင့်ခန်းလုပ်ရာတွင် ပုံစံမှန်ရန်အတွက် ညွှန်ကြားပေးပြီး နောက်ထပ်တစ်ကြိမ်လေမဖြတ်ရန် ဆေးပညာနှင့် ပတ်သက်သည့် ဗဟုသုတ အသိများနှင့် နေထိုင်စားသောက်ရမည့်ပုံစံများအား အကြံပေးလုပ်ဆောင်မှုများကို အခမဲ့လုပ်ဆောင်ပေးလျက်ရှိသည်ဟု လေဖြတ်သူများ ပြန်လည် သန်စွမ်းရေးအထူးကြပ်မတ်စင်တာ Acton Care Myanmar တည်ထောင်သူ ဒေါ်ဇာခြည်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်းထားပါသည်။