ပျားရည် ထုတ်လုပ်တဲ့ရာသီမှာ ပျားသလက်ကနေ ပျားဖရောင်းထုတ်လုပ်ရောင်းချလျက်ရှိရာမှာ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကြောင့် ဈေးကောင်း ရရှိနေတယ်လို့ မန္တလေးမြို့ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင်ရဲ့ ပြောကြားချက်အရ သိရပါသည်။ မြန်မာ့အသံသတင်းထောက် သီတာအောင်က ဆက်သွယ်မေးမြန်းထားပါသည်။