တရုတ်ကြက်သွန်နီများ ဝင်ရောက်နေသော်လည်း မြန်မာကြက်သွန်နီများ ဈေးကျဆင်းမှုမရှိဘဲ အရောင်းသွက်နေ

ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်အတွင်းသို့ တရုတ်နိုင်ငံမှထွက်သည့် ကြက်သွန်နီများ လှိုင်လှိုင်ဝင်ရောက်နေသော်လည်း မြန်မာကြက်သွန်နီများဈေးနှုန်း ကျဆင်းမှုမရှိဘဲ အရောင်းအဝယ်သွက်နေသည်ဟု မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံ ပိုင်ရှင်၏ ပြောကြားချက်အရသိရသည်။ မြန်မာ့အသံသတင်းထောက် သီတာအောင်က  ဆက်သွယ် မေးမြန်းထားပါသည်။