YBS ယာဉ်ကြီးမောင်းနှင်နိုင်မည့် ယာဉ်မောင်း ၃,၀၀၀ နီးပါး မွေးထုတ်သင်ကြားပေးနိုင်ခဲ့

စည်းကမ်းပြည့်ဝပြီး အရည်အချင်းရှိသည့် YBS ယာဉ်မောင်းကြီးများ ပေါ်ထွက်စေရန် ရည်ရွယ်ပြီး YBS အထူးယာဉ်ကြီး မောင်းသင်တန်းကို (၂၅) ကြိမ်မြောက်အဖြစ် ဖွင့်လှစ်ပေးခဲ့ပြီး သတ်မှတ်အရည်အချင်းများ ပြည့်မီသော သင်တန်းသားများ အား (င) ယာဉ်မောင်းလိုင်စင် ဖြေဆိုခွင့်ပေးသွားမယ်လို့ YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၏ ပြောကြား ချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်း ထားပါသည်။