ဗီယက်နမ်နိုင်ငံသို့ သကြား (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၅၈၀) နှုန်းနှင့် တန်ချိန် (၉၀,၀၀၀) ဝန်းကျင် တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုးလင်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နေမိုးသွင်က ဆက်သွယ်မေးမြန်း ထားပါသည်။