ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားဝင်ရောက်မှုများပြားခဲ့သည်ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်၏ ပြောကြားချက် အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် ကြည်ပြာဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။