ဒိုက်ဦးမြို့နယ် မျိုးဆက်သစ်မျိုးစေ့ထုတ်သမဝါယမအသင်းမှ ယခုနှစ်မှာ ပဲတီစိမ်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးရန် အတွက် စတင်စိုက်ပျိုးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် မျိုးဆက်သစ်မျိုးစေ့ထုတ်သမဝါယမအသင်းမှ ယခုနှစ်မှာ ပဲတီစိမ်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးရန်အတွက် စတင်စိုက်ပျိုးလျက်ရှိကြောင်း ဒိုက်ဦးမြို့နယ် မျိုးဆက်သစ်မျိုးစေ့ထုတ်သမဝါယမအသင်းဥက္ကဋ္ဌ ဦးမောင်‌မောင်စိုး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းကြည်ပြာက ဆက်သွယ်မေးမြန်း ထားပါသည်။