အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြိုအားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုအားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပဲခူးမြို့ ခရိုင်အားကစားကွင်း၌ ဒီဇင်ဘာ(၂)ရက်နေ့တွင် ကျင်းပခဲ့ခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်နှင့် မြန်မာ့အသံသတင်းထောက် စန်းကြည်ပြာက တွေ့ဆုံမေးမြန်းထားပါသည်။