အောက်တိုဘာလ (၇)ရက်နေ့ ညနေပိုင်း နိုင်ငံတကာသတင်း

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် လာမည့်လအတွင်း တွေ့ဆုံဆွေးနွေးနိုင်ခြေရှိသည်ဟု ပြောကြားခဲ့သည့်သတင်းနှင့် ရုရှားနှင့် ဥဇဘက်ကစ္စတန်နိုင်ငံ တို့သည် လုံခြုံရေး၊ စီးပွားရေးနှင့် တခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် သဘောတူခဲ့သည့်သတင်း စသောသတင်းများ အပါအဝင်နောက်ဆုံးရ နိုင်ငံတကာသတင်းများကို ဒေါ်ခိုင်ဇာဝင်းက တင်ပြထားပါသည်။