အိန္ဒိယနိုင်ငံမှဝယ်ယူနေသည့် ပဲမျိုးအစားများ အဓိကထားစိုက်ပျိုးကြရန် တိုက်တွန်းနှိုးဆော်ထားရှိ

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံကို ၂ဝ၂၄ ခုနှစ်၊ မတ်လအထိ တင်သွင်းခွင့် ပြုလိုက်သည့်အတွက် ယခုနှစ် ပဲစိုက်ရာသီတွင် မတ်ပဲနှင့် ပဲစင်းငုံကို အဓိကထား စိုက်ပျိုးကြရန် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်းက တောင်သူများအား နှိုးဆော်ထားရှိသည်ဟု မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည် များအသင်း၊ အကြံပေး ဦးစိုးဝင်းမောင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။