အမြို့မြို့အနယ်နယ်သတင်းအစီအစဉ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မြစ်မခမြစ်ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်း နေအိမ်များအတွက် ပြောင်းရွှေ့စရိတ်နှင့် ဆန်ရိက္ခာထောက်ပံ့ငွေများပေးအပ်ခဲ့သည့်သတင်းနှင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ရှိ ကျောက်စိမ်းတော်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန်အား သဘာဝဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်သတင်းများအပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာ သတင်းများကို စုစည်းတင်ပြထားပါသည်။