အမြို့မြို့အနယ်နယ်သတင်းအစီအစဉ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ဘုရားချောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဇွန်လ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည့်သတင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများအတွက် မိုးစပါးနှင့် သွင်းအားစုများ ပေးအပ်ပွဲ ကျင်းပခဲ့သည့် သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာသတင်းများကို စုစည်းတင်ပြထားပါသည်။