အမြို့မြို့အနယ်နယ်သတင်းအစီအစဉ်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာအုပ်စု၊ ဆည်ကျေးရွာတို့ရှိ ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည့်သတင်းနှင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တော်ကို အမှိုက်ကင်းစင်မြို့တော် ဖြစ်စေရေးအတွက် ဌာနဆိုင်ရာများပူးပေါင်းပြီး စုပေါင်းလမ်းလျှောက်အမှိုက်ကောက် Campaign လုပ်ခဲ့သည့်သတင်းများ အပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာသတင်းများကို စုစည်းတင်ပြထားပါသည်။