အမြို့မြို့အနယ်နယ်သတင်းအစီအစဉ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည့်သတင်းနှင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲ သီးနှံဧက နှစ်သောင်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့သည့် သတင်းအပါအဝင် အခြား စိတ်ဝင်စားဖွယ်ရာသတင်းများကို စုစည်း တင်ပြထားပါသည်။