အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် အတွင်းလူနာနှင့် ပြင်ပလူနာများလက်ခံကုသပေးနေမှု

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုဌာန(၁၅)ခုနှင့် ဆေးကုသမှုကို ထောက်ပံ့ပေးနေသည့် ဌာန(၈) တို့ဖြင့် တစ်နေ့ကို အတွင်းလူနာ (၂၈၀)နှင့် (၃၀၀)ကြား၊ အပြင်လူနာ (၆၀၀)နှင့် (၇၀၀)ကြားကုသမှုပေးလျက်ရှိတာနှင့်ပတ်သက်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာခင်သိင်္ဂီမြင့်နှင့် မြန်မာ့အသံသတင်း ထောက် ကျောက်သက်အောင်က တွေ့ဆုံမေးမြန်းထားပါသည်။