ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ

ပဲခူးခရိုင်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များ ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများအနေဖြင့် သွင်းအားစုများတိုက်ရိုက်ဝယ်ယူရရှိရေး တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်(၂၀) ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာ ဝန်ကြီး ဦးတင်ဦး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် သန္တာဖြိုးက တွေ့ဆုံမေးမြန်းထားပါ သည်။