ဂီတအစည်းအရုံးဝင်(၂,၀၀၀)ဦးကို အခြေခံစားသောက်ကုန်များထောက်ပံ့

မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားသောက်ကုန်များ အား အလွှာအသီးသီးမှ ဂီတအစည်းအရုံးရှိ အစည်းအရုံးဝင် အယောက်(၂,၀၀၀)ခန့်ကို ပေးဝေသွားမည်ဖြစ်ပြီး ဇန်နဝါရီ (၂၄) ရက်နေ့က ကာလပေါ်အလွှာမှ ဂီတအစည်းအရုံးဝင်များအား ပထမဆုံးအဖြစ် ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်ရှိ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ရုံး၌ ဝေငှပေးခဲ့သည်ဟု မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)မှ ဥက္ကဋ္ဌ ဦးလွင်မြင့်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။