ဇွန်လ(၂၁)ရက်နေ့ နံနက်ပိုင်း နိုင်ငံတကာသတင်း

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီသည် နည်းပညာနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ဆွေးနွေးရန်အတွက် အမေရိကန်ကို ထွက်ခွာသွားခဲ့သည့်သတင်းနှင့် နိုင်ငံတကာရေပိုင်နက်အတွင်းတွင်ရှိသည့် အဏ္ဏဝါဇီဝအားလုံးကို ကာကွယ်ပေးမည့် ပထမဆုံးစာချုပ်တစ်ခုကို ကုလသမဂ္ဂတွင် ပြဌာန်းခဲ့သည့်သတင်း စသဖြင့် သတင်းများအပါအဝင် နောက်ဆုံးရ နိုင်ငံတကာသတင်းများကို ဦးအောင်နေဦးက တင်ပြထားပါသည်။