ဇန်နဝါရီလ (၂၈) ရက်နေ့ မနက်ပိုင်း နိုင်ငံတကာသတင်း

အာဆီယံ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ခရီးသွားလာရေးဝန်ကြီးများသည် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် သဘောတူခဲ့ကြသည့်သတင်းနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဂါဇာအရေးနှင့်ပတ်သက်ပြီး လာမည့်သီတင်းပတ်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဆိုသည့်သတင်း စသောသတင်းများ အပါအဝင်နောက်ဆုံးရ နိုင်ငံတကာသတင်းများကို ဦးဇင်ဝိုင်းက တင်ပြထားပါသည်။