ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်(ဆီထွက်သီးနှံ)စီမံကိန်းချေးငွေဖြင့် ဆောင်းနေကြာ(၉၁၇) ဧက စိုက်ပျိုးနိုင်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင် (ဆီထွက်သီးနှံ) စီမံကိန်းချေးငွေ ကျပ်သိန်း (၁,၃၀၀)ဖြင့် ဆောင်းနေကြာ(၉၁၇)ဧကစိုက်ပျိုးနိုင်ခဲ့သည်ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် ကြည်ပြာဝင်းက ဆက်သွယ် မေးမြန်းထားပါသည်။