ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် သင်္ဘောခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးလျက်ရှိသည်ဟု ကျောက်တော်မြို့နယ် ရေကြောင်းမန်နေဂျာ ဦးညီညီကျော်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းကြည်ပြာက ဆက်သွယ်မေးမြန်းထားပါသည်။