ကုန်းပတ်သင်္ဘောသား အခြေခံလက်တွေ့သင်တန်း အခမဲ့ဖွင့်လှစ်မည်

ရန်ကုန်မြို့၊ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ရုံးတွင် ကုန်းပတ်သင်္ဘောသားအခြေခံ လက်တွေ့အခမဲ့သင်တန်းကို ဇွန်လ(၂၂)ရက်နေ့မှစပြီး စနေ၊ တနင်္ဂနွေရက်များတွင် စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဟု မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်းအောင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် ကျော်သက်အောင်က တွေ့ဆုံမေးမြန်းထားပါသည်။