မွေးမြူရေးစားဖားများ မွေးမြူသူများပြားလျက်ရှိ

မွေးမြူရေးစားဖားများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်ယူခြင်းများရှိလာသည့်အတွက် ဖားမွေးမြူသူဦးရေ မြင့်လာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးတင့်လွင့်၏ ပြောကြား ချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် သဇင်အောင်က ဆက်သွယ်မေးမြန်းထားပါသည်။