မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စပျစ်ပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့်အတွက် တောင်သူများ ဈေးကောင်းရရှိသည်ဟု မြို့သစ်မြို့နယ်၊ တပ်ကုန်းကျေးရွာမှ (၃)နှစ်ဆက်တိုက် စပျစ်စမ်းသပ်စိုက်ပျိုးခဲ့သူ ဦးမြင့်သိန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။