မကွေးမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီး(၄)လမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မကွေးမြို့နယ်အတွင်းရှိ တောင်ညို (ပန်းတင်)-မြို့သစ်-ကန်ပြားလမ်း၊ မကွေးမြို့ရှောင် လမ်း၊ သစ်ရာကောက်-မိကျောင်းရ-ပဌနဂိုရ်လမ်းနှင့် သစ်ရာကောက်-မလွန်-မင်းလှလမ်းတို့အား လမ်းအကျယ်ချဲ့ခြင်း နှင့် လမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်စန်းဝင်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။