မကွေးမြို့တွင် စားသုံးဆီတစ်ပိဿာကို (၅၂၀၀)ကျပ်ဖြင့် ရောင်းချပေးလျက်ရှိ

မကွေးမြို့ပေါ်ရှိ စားသုံးဆီလက်လီဆိုင် (၈၅)ဆိုင်တွင် စက်တင်ဘာ (၂၁)ရက်နေ့က စားအုန်းဆီ (၁)ပိဿာကို ကျပ်(၅၂၀၀)နှုန်းနှင့် လူတစ်ဦးလျှင် တစ်ပိဿာ ရောင်းချပေးခဲ့သည်နှင့်ပတ်သက်ပြီး တိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းအောင်၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်း ရေးမှူး ဒေါ်နီလာညို၊ ဒေသခံ ပြည်သူများနှင့် မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက တွေ့ဆုံမေးမြန်း ထားပါသည်။