မကွေးတိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော်အတွက် သင်္ကြန်ယိမ်းအကများ လေ့ကျင့်လျက်ရှိ

မကွေးတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် သင်္ကြန်ယိမ်းအကအဖွဲ့များ မကွေးပညာရေးဒီဂရီကောလိပ်တွင် လေ့ကျင့်လျက်ရှိခြင်းနှင့်ပတ်သက်ပြီး မကွေးမြို့ သင်္ကြန်ယိမ်းအကနည်းပြဆရာမ ဒေါ်မေစံပယ်ထွန်းနှင့် မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက တွေ့ဆုံမေးမြန်း ထားပါသည်။