မြန်မာ - တရုတ် စီးပွားရေးကုန်စည်ပြပွဲ ကျင်းပမည်

မြန်မာ- တရုတ် စီးပွားရေးကုန်စည်ပြပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ပူးပေါင်းပြီး နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)တွင် ၊မေလ (၂၅) ရက်နေ့မှ (၂၈) ရက်နေ့ထိ ကျင်းပမှာနှင့်ပတ်သက်ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးနှင့် မြန်မာ့အသံသတင်းထောက် ဖြိုးဝေတွေ့ဆုံ မေးမြန်းထားပါသည်။